Internet Of Things (IoT) Part 1

Corona Virus ကြောင့် အိမ်မှာပဲ နေကြတဲ့ ​ဘော်ဒါ​တွေ အတွက် IOT အကြောင်းလေး တင်ပေးချင်ပါတယ်။
Part တွေနဲ့ ခွဲပြီး တင်ပေးသွားမှာဖြစ်လို့ ကျနော်တို့ part 1 ကနေ လေးစလိုက်ကြရအောင်။
Part 1 - Overview of IOT
ကျနော်တို့ အခုလက်ရှိ ခေတ်စားနေတဲ့ တချို့ IT private collage ကျောင်းတွေကလည်း မိန့်ခွန်းတွေထဲမှာ ထည့်ထည့်ပြောနေကြတဲ့ Industrial 4.0 age မှာ ကျနော်တို့ အရင်ကလို လူတွေရဲ့ လုပ်အား, လူတွေရဲ့ အတွေးအခေါ်တွေ၊ တနည်းအားဖြင့် လူတွေရဲ့ ကာယနဲ့ ဉာဏ လုပ်အားတွေနဲ့ manually အလုပ်လုပ်တာမျိုးအဟုတ်တော့ပဲ ကျနော်တို့ Robot တွေနဲ့ တချို့ risk ကြီးတဲ့ နေရာမျိုးတွေအလုပ်မျိုးတွေမှာ အစားထိုးမယ်။

ပြီးတော့ စိုက်ပျိုးရေးလုပ်ငန်းတွေ🌾🌾🌾🌾၊ မိုးလေဝသ📡📡📡 နဲ့ တခြား အစိုးရ department တွေမှာ ကျနော်တို့ internet ကနေ cloud ကနေ data တွေသိမ်းမယ်၊ ပြီးတော့ တချို့တွေပြောကြသလိုမျိုး Freezer ထဲမှာ ကြက်ဥ 10 လုံးရှိတယ်🥚🥚🥚၊ ကုန်သွားရင် ကုန်စုံဆိုင်ကို auto မှာလို့ရအောင် sensor တွေ နဲ့ gateway system တွေနဲ့အသုံးပြုတဲ့ home automation လိုမျိုးတွေပေါ့ဗျာ။ အာ့ထဲမှာ internet of things (IOT) ကလည်း တခုအပါဝင်ဖြစ်ပါတယ် ။
IOT ကတော့ ကျနော်တို့ home automation လိုနေရာမျိုးတွေ၊ ပြီးတော့ စောစောကလို စိုက်ပျိုးရေးလုပ်ငန်းတွေအပြင် နေရာတော်တော်များများမှာ အခုလက်ရှိကြုံတွေ့နေကြ ပြသနာတွေ ကို ဖြေရှင်းပေးနိုင်မယ့် နေရာမျိုးတွေမှာ အသုံးပြုကြပါတယ်။ အဓိကကတော့ IOT ဟာ ကျနော်တို့ နေ့တိုင်းလုပ်နေကြအလုပ်တွေကို automation နည်းပညာဖြင့် internet ကနေတဆင့် ကိုလိုချင်တဲ့ target ရောက်အောင် sensor တွေ, PCB Board တွေနဲ့ App တွေပါ ပေါင်းစပ်ထားပြီး ကျနော်တို့ အချိန်ကုန် လုပ်ပင်ပန်းသက်သာစေပါတယ်။


IOT ကို home automation အပြင် agriculture, weather forecasting နဲ့ industrial ပိုင်းတွေမှာပါ တွင်ကျယ်စွာအသုံးပြုလာကြတာဖြစ်ပါတယ်။
IOT development လုပ်တော့မယ်ဆိုရင် အဓိကက programming အပိုင်းကို တတ်ကျွမ်းရမယ်၊ ပြီးတော့ server-side concepts တွေ network ချိတ်ဆက်တာတွေကို အတန်အသင့်တတ်ကျွမ်းရမယ်ပေါ့ဗျာ။ ကျနော်တို့ IOT မှာက sensor တွေရှိမယ်၊ ပြီးတော့ sensor နဲ့ sensor တွေကို power ပေးပြီး တခါတည်း wifi access ရနိုင်တဲ့ သို့မဟုတ် cloud server နဲ့ချိတ်ထားတဲ့ PCB Circuit တခုရှိရမယ် PCB Board တွေကိုအများအားဖြင့် Raspberry Pi, NodeMCU နဲ့ Arduino တို့အသုံးပြုတာကြများပါတယ်။ ကျနော်ပြောတဲ့ sensor တွေ၊ PCB Circuit တွေအကြောင်းအသေးစိတ်သိချင်ရင်တော့ Google မှာရှာဖတ်ကြည့်ပါ။ 🕵️‍♂️🕵️‍♂️🕵️‍♂️
ပြီးတော့ ကျနော်တို့ PCB ကနေ Internet access ရအောင် Wireless device နဲ့ဖြစ်စေ hospot နဲ့ဖြစ်စေ ချိတ်ဆက်ပြီး မိမိcloud server သို့မဟုတ် web server နဲ့ချိတ်လိုက်ပါ၊ ပြီးတော့မှ ဒီအရာတွေက share တဲ့ data တွေကို collaborate လုပ်ပြီး user က command ပေးနိုင်မယ့် App လေးတခုရှိမယ်ပေါ့ဗျာ။ ကျနော်တို့ IOT နဲ့ဆို ကျနော်တို့ နေ့စဥ် ကြုံတွေနေရတဲ့ ပြသနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ 😌😌😌
ကျနော်တို့ part 1 ကတော့ IOTဆိုတာဘာလဲဆိုတာရယ်၊ overview အကြောင်းလေးတွေပဲ ရှင်းပြတာမို့ ဒီနေ့ ဒီလောက်နဲ့ပဲ ရပ်နားပါရစေ။ part 2 မှာတော့ IOT ရဲ့ architecture အကြောင်းကိုရှင်းမှာဖြစ်ပါတယ်။
Part 2 ကို စိတ်ဝင်စား မယ် ဆိုရင် comment မှာ​ရေးထား​ပေးပါ ( ပြီး​တော့ ) ဘယ်လို Topic မျိုး ကို သိချင်ပါသလဲ ​ဆိုတာ ​လည်း comment မှာ ​ရေးထား​ပေးပါ ။ ​နောက်လာမယ့် post ​တွေ မှာ စိတ်ဝင်စားတဲ့ အ​ကြောင်းအရာ ​တွေ ကို တင်​ပေးသွားပါမယ် ။
ကျေးဇူးတင်လျက် 😊😊😊
Networking and information Technology

Comments

Popular posts from this blog

Migrating Java Project from local to cloud using Heroku

SDN (Software Define Networking)

Hypervisor vs Container